
Deep Woods (2022) ================ ဒါရိုက်တာ Steve Laughlin ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖိုဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်း လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နစ်ခ် နဲ့ တိုင် တို့ဟာ မတွေ့ရတာကြာပြီ ဖြစ်တဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ တစ်နေ့တော့ မြို့ပေါ် မှာနေတဲ့ တိုင် ဟာစိတ်ကူးပေါက်ပြီး တောရိုင်းထဲမှာ ငှက်ပစ်ချင်လာပါ တော့တယ်။ အဲဒီလိုနဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့မျိုးဆက်ဖြစ်တာနဲ့အညီ သစ်တောတွေ၊ အမဲလိုက်တာတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ သူငယ် ချင်းဟောင်း နစ်ခ် ကိုဆက်သွယ်လာပါတော့တယ်။ ဒီလိုနဲ့ နစ်ခ် နဲ့အတူအမဲလိုက်ထွက်ရင်း တောထဲမှာတရားမ၀င်ဆေးခြောက် စိုက်နေတဲ့ အဖွဲ့နဲ့သွားရှုပ်မိပါတယ်။ အဲဒီနောက်တော့ ပစ်ခတ်မှုတွေဖြစ်ပြီး နစ်ခ် နဲ့လူချင်းကွဲသွားပါတယ်။ တိုင် ဟာဆေးခြောက်စိုက်တဲ့သူတွေရဲ့ ဒုစ ရိုက်မှုတွေကို မျက်မြင်သက်သေတစ်ဦးဖြစ်သွားလို့ လိုက်ပြီးအရှင်းခံရတဲ့ အခါမှာ တိုင် တစ်ယောက်ဘယ်လိုလွတ်အောင်ပြေးမလဲ၊ နစ်ခ် ကရောအဲဒီ အဖွဲ့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Katt Encoder……….SWM