
Deborah (2022) အားလုံးကို လက်တလောမှ ထွက်ရှိထားတဲ့ Sci-fi, Comedy movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ့်ဆီမှာ အချိန်ကိုနောက်ပြန်ရစ်လို့ရမယ့် ရီမုဒ်ကွန်ထရိုးရှိရင်ကောင်းမယ် တွေးဖူးကြတဲ့သူရှိရင် ဒီဇာတ်ကားက အဲဒီအတွက်အဖြေကောင်းပါပဲ။ ဇာတ်လမ်းအစကိုတော့ ငယ်ပေါင်းသူငယ်ချင်းတစ်စု အဲလ်ဘတ်နဲ့အေဒါတို့ရဲ့ စေ့စပ်ညပါတီပွဲတက်ပုံနဲ့ စထားပါတယ်။ အဲလ်ဘတ်တို့ပိုင်ထားတဲ့ ဒက်ဘရာ(Deborah)ဆိုတဲ့ AI က အချိန်ကိုရပ်ပြီး အချိန်အနည်းငယ်လောက်ကိုပြန်ရစ်ပေးနိုင်တာပါ။ အဲလ်တို့က ပြီးပြည့်စုံတဲ့ညကိုဖန်တီးနိုင်ဖို့အတွက် အချိန်ကိုခဏခဏပြန်ရစ်ကြပါတယ်။ အစကတော့ ဘေးထွက်ဆိုးကျိုးကြောင့် တခြားသူတွေက Déjà Vu လိုမျိုးပဲခံစားရပေမယ့် ကြာလာတော့ရိပ်မိသွားပါတယ်။ အားလုံးသိကုန်ကြတဲ့အချိန်မှာ အကုန်ဝိုင်းသုံးကြရင်း ပေါက်ကရလေးဆယ်တွေစဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်ကားမှာ ငယ်ပေါင်းသူငယ်ချင်းတစ်စု ရောက်တတ်ရာရာစကားထိုင်ပြောနေကြတာကိုကြည့်ရင်းနဲ့ ကျောင်းကန်တင်းမှာသူငယ်ချင်းတွေနဲ့ နေခဲ့ရ ပြောခဲ့ရတာတွေကို လွမ်းဆွတ်စေမယ့် Nostalgia Vibe မျိုးပြန်ရစေမှာပါ။ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ဇာတ်ကားဆိုပေမဲ့ တစ်ချက်တစ်ချက် Dialogue တွေက ကြည့်ရှုသူတွေရဲ့လက်ရှိဘ၀နဲ့ပါ ယှဉ်ကြည့်မိရင်း တစ်မိနစ်လောက်အတွေးထဲ နစ်မြောသွားစေနိုင်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 743MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 743MB | Download | |
| 720p | 743MB | Download | |
| 720p | 743MB | Download | |
| 720p | 743MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director