
Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐 💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐 💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်….ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ….🤐၁မိနစ်အတွင်းလေးနော်…😳 အစက အဲ့လောက်ထိကို….မတွေးထား မထင်ထားတာပါ… 🤐 💀💀 Story က James Wan ရော သူ့သူငယ်ချင်း Leigh Whannell ရော၂ယောက်လုံး ပေါင်းရဲ့ Ideaပါ။တကယ်လည်း ချီးကျူး စရာကောင်းပါတယ်။ဇာတ်ကြီးကလန်ထွက်နေလို့ပါ။🤐 💀💀 Horror ဇာတ်အလန်းစား တွေထဲမှာ Dead Silence ကို ချန်လှပ်ထားလို့မရပါဘူး…Horror Crazy တွေ ၁မိနစ်အတွင်း ဖော်ပြရိုက်ပြသွားတဲ့ မြှုပ်ကွက်က ဘာဖြစ်မလဲ စိတ်ဝင်စားကြည့်ပါဦး။ပြီးမှ ပါးစပ်အဟောင်းသား မဖြစ်သွားနဲ့နော်….။ ဇာတ်လမ်းအကျဉ်းကတော့… ဂျေမီရဲ့ ဇနီးဖြစ်သူ လီဆာဟာ ဘီလီလို့နာမည်ရတဲ့ အရုပ်လေးတစ်ရုပ်ကို လက်ခံရရှိပြီးနောက်မှာ ထူးခြားတဲ့ ရှင်းမပြနိုင်တဲ့ အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဂျေမီတစ်ယောက် အသုဘအတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီးနောက်မှာ သူ့အဖေနဲ့ဇနီးငယ်၊ အသုဘစီစဉ်သူလင်မယားဆီကနေတဆင့် အရုပ်ရဲ့ မသင်္ကာစရာ ဇာတ်လမ်းအကြောင်းကို သတိပေးခံခဲ့ရပြီးနောက်မှာ…….။ (ရုပ်ရှင်အညွှန်းကို Movies Lover FB Page မှ ကူးယူဖော်ပြထားပြီး ဘာသာပြန်ကိုတော့ Yun Sandi မှတင်ဆက်ထားပါတယ်။)