
Imdb - 5.5 Rotten tomatoes - 78% Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။ အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေါသအိုးကွဲနေတဲ့ မိုက်ကယ်တစ်ယောက် ဟင်နရီ့ကို ရေဆုံးမြေဆုံးလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး IRA အမည်ခံ အိုင်းရစ်ရှ်တော်လှန်ရေးတပ်နဲ့ ပြန်ဆက်သွယ်ကာ လန်ဒန်မြို့ထိ လိုက်လာပါတော့တယ်။ SAS တပ်ဖွဲ့ဝင်ဟောင်း ဟင်နရီရဲ့ အသစ်စက်စက်အလုပ်... လန်ဒန်မြို့လမ်းမတွေပေါ် တစ်စထက်တစ်စ ကြီးစိုးလာတဲ့ IRA တွေ... အဲဒီအတွက် နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ဒဏ်ကို ခံလာရတဲ့ အိုင်းရစ်ရှ်လူမျိုးတွေ... လက်စားချေဖို့ စိုင်းပြင်းနေတဲ့ မိုက်ကယ်... သူတို့ကြားက ဆက်နွယ်မှုတွေကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 587MB | 234MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 587 MB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 587 MB | Download |