
Dead in a Week Or Your Money Back (2018) ~ IMDb – 6.3/10, Rotten Tomatoes – 52% ~ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ဆက်သွယ်လာတဲ့ စာအုပ်တိုက်ကနေ မိန်းမချောလေး အယ်လီနဲ့ ဆုံလာတဲ့အချိန်မှာ သေချင်တိုင်း သေလို့မရတဲ့ ဝီလျံရယ်၊ ပဲလှော်ကြား ဆားညပ်မယ့် အလှလေး အယ်လီရယ်၊ အလုပ်အပေါ် အရမ်းသိတတ် တာ၀န်ကျေပြီး ဝီလျံကို မရရအောင် သတ်ပေးမယ့် လုပ်ကြံရေးသမားကြီး လက်စ်လေတို့ သုံးယောက် ဘယ်လိုတွေလွဲပြီး ဘယ်လိုတွေ ခွီရမလဲ ဆိုတာ ဒီ Dark Comedy ရုပ်ရှင်လေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 680MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download |