
Christoph Waltz နဲ့ Willem Dafoe တို့လို Legend ကြီး ၂ယောက်ကို တွဲမြင်ရမယ့် Western ကားလေးပါ။ Western Thriller ကားမို့ Western ကား ကြိုက်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ။ 79 ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့ပါသေးတယ်။ Waltz က အလိုရှိလူဆိုးတွေကို ဖမ်းပြီး သတ်ပြီး ဆုကြေးရယူနေတဲ့ ဆုကြေးစားပါ။ တစ်နေ့ကျ သူ့ကို သူဌေးတစ်ယောက်က အလုပ်တစ်ခုအပ်လာပါတယ်။ တပ်ပြေးတစ်ကောင်က သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဟိုဘက်နယ်စပ်ခေါ်သွားပြီး ပြန်ပေးငွေတောင်းလာလို့ပါ။ ဒီလိုနဲ့ သူဌေးကောင်က Waltz ကို ငှားပြီး သူ့မိန်းမကို သွားပြန်ခေါ်ခိုင်းပါတယ်။ တပ်ပြေး ဘယ်မှာနေလဲသိတဲ့ တပ်ပြေးရဲ့ သူငယ်ချင်းကိုလည်း အဖော်ထည့်ပေးလိုက်ပါတယ်။ ဟိုရောက်တော့ တပ်ပြေးက ဟိုက တစ်မြို့လုံးကို ပိုင်တဲ့ လူဆိုးတွေနဲ့ အပေးအယူလုပ်ထားတော့ ထင်သလောက်လွယ်မနေဘဲ သေနတ်တွေနဲ့ ဇာတ်တွေရှုပ်ကြပါတယ်။ တကယ့်အတော်ဆုံး မင်းသားနှစ်လက်ဖြစ်တဲ့ Waltz နဲ့ Dafoe ရဲ့ သရုပ်ဆောင်ပညာနဲ့တင် ဒီကားက တန်နေပါပြီ။ ကောင်းဘွိုင်ကားဖန်တွေ ရင်တလျပ်လျပ်နဲ့ ကြည့်ရမယ့် ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.91GB, 1GB Quality - 1080p, 720p Format - mp4 Duration - 1H 47Min Genre - Thriller, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y