
IMDb - 7.5/10, Rotten Tomatoes - 89% ~ King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်ကျော်ခဲ့တဲ့ Horror Comedy ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ " သတိချပ်စေချင်တာကတော့ တချို့အခန်းတွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,ရလောက်အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ ကလေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်... " ဒါပေမဲ့ အဲဒီ ရွံစရာတွေကြား ဟာသနှောထားပုံလေးနဲ့ ကြည်နူးစရာလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ ဇာတ်လမ်းလေးကတော့ ကြွက်လိုလိုမျောက်လိုလို ဇက်တောက်ဇက်တောက်ကောင်ကို ဖမ်းပြီး တိရစ္ဆာန်ရုံ ပို့ပြီး ရောင်းစားတဲ့နေရာက အစပြုထားပါတယ်။ မင်းသား လိုင်နယ်လ်ဟာ အမေချစ် မားမားဘွိုင်းတစ်ယောက်ဖြစ်ပြီး သူ့နဲ့ကြမ္မာဖန်လာတဲ့ မင်းသမီး ပါခီတာနဲ့ တိရစ္ဆာန်ရုံမှာ လျှောက်လည်ကြရင်း အမေဖြစ်သူ ဗီရာဟာ တိတ်တခိုးလိုက်ချောင်းပါတော့တယ်။ အချောင်းကောင်းတဲ့ ဗီရာတစ်ယောက် ဇက်တောက်ကောင်ရဲ့ ကိုက်ဖြတ်မှုကို ခံလိုက်ရပြီး ဖုတ်ကောင်ဘဝရောက်၊ သူကနေတဆင့် မြို့က တခြားသူတွေပါ ဖုတ်ကောင်တွေဖြစ်သွားချိန်မှာ မားမားဘွိုင်းလေး ဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ခံစားရမှာ ဖြစ်ပါကြောင်း...... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.5GB, 680MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Comedy, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
/ 10
Director