
David (2012) ============= လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး David ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်းတော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။ တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.9GB | Download | |
| 1080p | 2.9GB | Download | |
| 1080p | 2.9GB | Download | |
| 1080p | 2.9GB | Download | |
| 1080p | 2.9GB | Download | |
| 720p | 1.3GB | Download | |
| 720p | 1.3GB | Download | |
| 720p | 1.3GB | Download | |
| 720p | 1.3GB | Download | |
| 720p | 1.3GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director