
Daveed (2025) နောက်ဆုံးအလှည့် IMDb 6.6/10 အက်ရှင် ပရိသတ်တွေအတွက် လက်ဝှေ့ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်နေလေရဲ့။ အ ာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။ ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။ သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။ တစ်ခါတစ်လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့အလုပ်တွေထဲက တစ်ခုပေါ့လေ။ တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။ မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပါ )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |