
Dauren’s Wedding (2024) ************************** ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ မှတ်တမ်းရုပ်ရှင် လက်ထောက်ဒါရိုက်တာဖြစ်တဲ့ ဆွန်းဂျူဟာ ကိုယ်ပိုင်အနုပညာလက်ရာကို အမြဲဖန်တီးချင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးနဲ့ ကာဇက်လူမျိုးတို့ရဲ့ မင်္ဂလာပွဲကို လက်ထောက်အဖြစ် ရိုက်ကူးပေးဖို့အတွက် ကာဇက်စတန်နိုင်ငံကို သွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံဒါရိုက်တာဖြစ်တဲ့ ယူရာတစ်ယောက် ကားအက်စီးဒန့်ဖြစ်သွားတဲ့အတွက် ဆွန်းဂျူနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမား ယောင်းထယ်တို့ဟာ မင်္ဂလာပွဲကို မှတ်တမ်းတင်ဖို့ လွတ်သွားကြပါတော့တယ်။ ဒီလိုနဲ့ ဆွန်းဂျူဟာ မှတ်တမ်းရုပ်ရှင်ကို အပြီးသတ်အောင်လုပ်ဖို့အတွက် ယူရာ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆာထီရွာလေးမှာ ကာဇက်လူမျိုးမိန်းကလေးတစ်ယောက်နဲ့ ဟန်ဆောင်လက်ထပ်ပြီး မင်္ဂလာပွဲမှတ်တမ်းရိုက်ကူးဖို့ ကြံစည်လိုက်တဲ့အခါမှာတော့….. တကယ်ပဲ သူတို့လိုချင်တဲ့ မှတ်တမ်းရုပ်ရှင်ကို အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားပါ့မလား ဆွန်းဂျူနဲ့ ကာဇက်မိန်းကလေးကရော ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ လှပစိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရန်သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်ဖူးတဲ့ မင်းသား Lee Ju-seung နဲ့အတူ ကာဇက်စတန်မင်းသမီးချောချောလေး Adina Bazhan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size…1.22GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Romance, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri, Hnin Wai Oo, Treasure Htet, Phyu Sin & Hsu Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director