
မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကုဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့ Dasaraကိုတင်ဆက်ပေးချင်ပါတယ် ဗီရာလပိုင်ဆိုတဲ့ရွာလေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူတွေနေထိုင်ကြပါတယ် အရက်မသောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲနေကြသူတွေပါ ဒါတွေကြောင့်လည်း ဒီရွာလေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူတွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမစဲတသဲသဲပါပဲ ဒါတင်မကသေးပါဘူး ဒီဘားရဲ့ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူတွေအလေးစားရဆုံးရာထူးလည်းဖြစ်ပါတယ် တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးကလေးဘဝကတည်းကချစ်နေခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်နေတာကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်ယောက်အကျိုးကိုပဲ အမြဲကြည့်ပေးနေခဲ့သူပါ တစ်နေ့မှာတော့ ဗန်လာနီကိုတခြားလူတစ်ယောက်နဲ့ အိမ်ထောင်ချပေးဖို့လုပ်ကြတဲ့မိဘတွေကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်စေပြီး ဘားရဲ့ငွေကိုင်ရာထူးကိုရအောင်ကြိုးစားကြပါတော့တယ် ဒါပေမယ့်တကယ့်ပြိုင်ပွဲနောက်ကွယ်မှာတော့ ကြီးမှူးသူတွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လိုတွေလုပ်ကြမလဲ သူတို့တွေဒီလိုလှည့်ကွက်တွေနဲ့ပြည့်နှက်နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူတွေကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရအောင်နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.29GB | Download | |
| 720p | 1.45GB | Download | |
| 1080p | 3.29GB | Download | |
| 720p | 1.45GB | Download |