
Darkling (2022) ~ IMDb rating – 7/10 ~ 2004 ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Albanian အယူသည်းတွေက Serbian လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ US က ငြိမ်းချမ်းရေးတပ်တွေ ရှိတာတောင်မှ အိမ်တွေ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကြောင့်လို့ပဲ ပြောရမှာပါ။ ဇာတ်ကားကိုတော့ ပျောက်ဆုံးသွားတဲ့ ဖခင်ကို လွမ်းဆွတ်တဲ့အကြောင်း… ကိုဆိုဗိုဒေသက သူတို့နေထိုင်ရတဲ့ အခက်အခဲတွေ ကြောက်ရွံ့မှုတွေအကြောင်းကို သမ္မတကြီးဆီ ရေးတဲ့ ကလေးမလေး မီလီဆာရဲ့ စာပေါ်အခြေတည်ထားပါတယ်။ မီလီဆာက ကိုဆိုဗိုမှာ အဘိုး အမေနဲ့အတူ ကျန်ခဲ့ပြီး သူ့အဖေနဲ့ ဦးလေးက မြေပြန့်မှာ အလုပ်လုပ်ဖို့သွားရင်း ပြန်မလာတော့တာပါ။ သူတို့လူမျိုးတွေကို အကြမ်းဖက်သတ်နေတဲ့အတွက် ညတိုင်း အမှောင်ထဲမှာ ကျီးလန့်စာစားနေရရင်း ပင်ပန်းဆင်းရဲစွာဖြတ်သန်းရပါတယ်။ မီလီဆာတို့ကျောင်းမှာလည်း မိသားစုတွေ ကိုဆိုဗိုကို စွန့်ခွာသွားကြတဲ့အတွက် ကျောင်းသားတွေ မရှိသလောက် နည်းလာပါပြီ။ မီလီဆာတို့ သားအမိကလည်း ထွက်သွားချင်ပေမဲ့ အဘိုးဖြစ်သူက သားနဲ့ သမက် ပြန်လာတဲ့ထိ စောင့်မယ်ဆိုတဲ့အတွက် ကျန်နေခဲ့ပါတယ်။ ကျောင်းက ဆရာမက မီလီဆာတို့ကို UN မှာ သူတို့အခြေအနေတွေ ဖတ်ပြဖို့ သမ္မတကြီးဆီ အက်ဆေးရေးခိုင်းတဲ့အခါ မီလီဆာက ကလေးအတွေးနဲ့ ရိုးရိုးရှင်းရှင်း သူတို့ ကြုံတွေ့ရတဲ့ ဒုက္ခတွေ အကြောက်တရားတွေ လွမ်းဆွတ်မှုတွေကို ရေးထားတာကို စာကနေတစ်ဆင့် ပူပင်သောကတွေ မျှဝေခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 840MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 44Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download | |
| 720p | 840MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director