
ဒီတစ်ခါမှာတော့ mystery, thriller ဇာတ်ကားဖန်တွေအတွက် darkeplica ဆိုတဲ့ဇာတ်ကားကိုမိတ်ဆက်ပေးပါရစေ။ ပယ်နီလိုပီဟာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာကလေးနှစ်ယောက်ရှိပေမဲ့ သူ့အိမ်အနီးအနားမှာရှိတဲ့ တောအုပ်ထဲမှာ ကလေးနှစ်ယောက်လုံးပျောက်ဆုံးသွားကြပါတယ်။ ဘယ်လိုရှာရှာပြန်မတွေ့ တောပါဘူး။ အဲဒီအချိန်ကနေ ပယ်နီလိုပီဟာ အဲဒီတောအုပ်ထဲမှာ မမြင်ရတဲ့ မကောင်းဆိုးရွားတွေရှိနေတယ်လိုယုံနေတာပါ။ ညဘက်တွေဆို မကြာခဏ အမှာင်ထဲမှာထထိုင်နေတတ်ပြီး တစ်ယောက်တည်းစကားတွေလည်းပြော နေတတ်ပါတယ်။ သူ့ယောက်ျားက သူရူးနေပြီလိုထင်ပြီး စိတ်ရောဂါကု ဆေးရုံကိုပိုလိုက်ပါတယ်။ ငါးနှစ်ကြာပြီးတော့ စိတ်ရောဂါကုဆေးရုံကနေ သူ့မိန်းမကိုပြန်ခေါ်လာပေမဲ့ သူ့မိန်းမနဲ့ အဲဒီမကောင်းဆိုးရွားတွေရဲ့ ဆက်ဆံရေးက ပိုအားကောင်းလာပြီး သူ့မိန်းမကလည်း အဲဒီမကောင်းဆိုးရွားတွေရှိတယ်လို ပိုယုံကြည်လာပါတော့တယ်။ ဒီတော့ အဲဒီတောအုပ်မှာ မကောင်းဆိုးရွားတွေက တကယ်ရှိနေတာလား။ ကလေးတွေကရော လုံးဝပြန်မလာကြတော့ဘူးလား။ Mystery, thriller အမျိုးအစားပေမဲ့ ဇာတ်လမ်းကနည်းနည်းအေးပြီး စကားပြောခန်းတွေကိုပဲအသားပေးရိုက်ထားတာမလို နည်းနည်းတော့ပျင်းစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်နှေးနှေးလေးနဲ့ စဥ်းစားရတာကြိုက်တဲ့သူတွေ ဆိုရင်တော့ အကြိုက်တွေ့စေမှာပါ။ File size…1.38GB / 432MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 33m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai