
ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစားဖြစ်ပါတယ်။ Jigsaw နဲ့ The Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျွိုင်း (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ ဒဲရက်ရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူ ကာမင်က ဂျွိုင်းကို စိတ်ရောဂါပညာရှင်ဒေါက်တာဒန်လေရဲ့ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ ဂျွိုင်းတို့နှစ်ယောက်က ဒေါက်တာဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်းတစ်ယောက် တောထဲမှာ သူတို့ကိုနောက်ယောင်ခံလိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ ကြုံတွေ့ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်းတို့အတွက်ကတော့ ဒီသဘာဝတရားက သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူက Wolfenheim ဖြစ်ပါတယ်။ File size…(1.3 GB)/(780 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
May 25, 2023
ကြာချိန်
1h 25m
အဆင့်သတ်မှတ်ချက်
6.2 / 10
Director
Berkley Brady