
ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့ အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။ Rating တွေကတော့ IMDb – 6.8/10 နဲ့ Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာ ထူးညွှန်းစရာတော့ မလိုသလောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကို ရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကို ကြည့်ရသလိုဖြစ်စေတာမျိုးပါ။ Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့ အကြောင်းကို Thanks Giving အတွက် မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။ အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာ ပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။ သိရအောင် ကြည့်ကြည့်လိုက်ပါဦး။ အသက်အရွယ်ကို လိုက်ပြီးတော့ရော အချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်း ထည့်ရိုက်ပြထားသေးတယ်။ နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရ မကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊ အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲ ဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။ အချစ်အကြောင်းချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့ သတင်းစကားလေးလည်း ပါတယ်။ ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာက အဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာ ရေးထားသလိုနေဖို့ထက် တကယ့်ဘဝမှာ ဘယ်လိုနေရမလဲဆိုတာ သူကိုယ်တိုင်သိလာတာကို ရိုက်ပြထားတာမလို့ပါ။ ပြီးတော့ မိသားစုတွေကြားက ပျော်စရာလေးတွေ၊ ကလေးတွေ အထူးသဖြင့်ဆယ်ကျော်သက်တွေကို ထိန်းကျောင်းသင်ပြပုံ Parentingတွေ၊ မိဘတွေ လုပ်မိတတ်တဲ့ အမှားတွေ အစရှိသဖြင့် စုံစုံစိစိလေး အံဝင်ခွင်ကျ သူ့အကန့်နဲ့သူ ပါပါသေးတယ်။ အဲ့ဒါတွေအကုန်လုံးကို ဒီတိုင်းပေါ့ပေါ့ပါးပါးလေး သိရ ကြည့်ရမယ့် ဇာတ်ကားလေးဆိုတော့ တစ်နာရီခွဲလောက် အချိန်ပေးဖို့ ထိုက်တန်မှာပါ။ အဓိက သရုပ်ဆောင် Steve Carell နဲ့ Juliette Binoche ရယ်၊ တခြားသရုပ်ဆောင်တွေရယ်က သဘာဝကျကျလေး ပါဝင်ထားပါတယ်။ ဒီမိသားစုဇာတ်လမ်းကို ရိုက်ဖို့အတွက် အဲ့ဒီသရုပ်ဆောင်တွေအကုန်လုံးက ဇာတ်ကားမရိုက်ခင်ကတည်းက အဲ့ဒီ့ဇာတ်ကားရိုက်တဲ့အိမ်လေးမှာ မိသားစုဝင်တွေလို ရင်းနှီးနေအောင် တကူးတက သွားနေကြပြီးမှကို ရိုက်ထားတဲ့ ဇာတ်ကားလို့ပြောပါတယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။ File size… 3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38 Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3 GB | Download | |
| 1080p | 3 GB | Download | |
| 1080p | 3 GB | Download | |
| 1080p | 3 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director