
ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။ Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ အပျော်ဆုံး အချိန်က ဘယ်အချိန်လဲ စဉ်းစားရကြပ်နေခဲ့တယ်။ အချစ်ရေးကို ပြောရအောင်လည်း သူ ငယ်ငယ်တည်းက ကြိတ်ကြိုက်လာခဲ့တဲ့ ဂက်ဘရီရဲလာ ဆိုတဲ့ ကောင်မလေးက သူ့ကို အဖက်တောင် မလုပ်ဘူး။ ကျောင်းရဲ့ နံရံတွေ ကျောင်းပိုင် ပစ္စည်းတွေမှာ ပုံလိုက်ဆွဲတဲ့ အမည်မဖော်လိုသူ ကင်းပန်း ဆိုသူဟာ ပေ့ချ်ဖြစ်တယ်လို့ တစ်ကျောင်းလုံးက ထင်ကြတယ်။ တစ်နေ့ ကျောင်းအုပ်ရုံးခန်းမှာ ကျောင်းပိုင်ပစ္စည်း လက်သရမ်းမှုနဲ့ သူ့ကို ကျောင်းနားပစ်မယ်လို့ ပြောတဲ့အခါ CalArts ကျောင်း ဝင်ခွင့်မရမှာစိုးလို့ ကင်းပန်း ဘယ်သူလဲဆိုတာ ဖော်ထုတ်ပေးပါ့မယ်ဆိုပြီး သဘောတူညီမှုယူခဲ့လိုက်ရတယ်။ ဒီလိုနဲ့ ပေ့ချ် တစ်ယောက် ကင်းပန်းကို ဖော်ထုတ်နိုင်မလား? CalArts ကျောင်း ဝင်ခွင့်ရဖို့ ကောင်းမွန်တဲ့ အနုပညာလက်ရာတစ်ခု ဖန်တီးနိုင်မလား? တစ်ဖက်သတ်အချစ်ကရော ဘာဖြစ်သွားမှာလဲ? ဆိုတာတွေကို သိရအောင် ဒီကားလေးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.4GB, 873MB, 420MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Comedy, Romance Translated by Kit Encoded by Kinnov