
မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Crime, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 720p | 592MB | Download | |
| 720p | 592MB | Download | |
| 720p | 592MB | Download | |
| 720p | 592MB | Download | |
| 720p | 592MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director