
IMDb Rating - 6.4/10 ဒီဇာတ်လမ်းကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ သံယောဇဉ်ကို တခြားဇာတ်အိမ်တွေနဲ့မတူဘဲ ရသမြောက်မြောက် ရိုက်ကူးတင်ဆက် ထားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... သွေးအေးရက်စက်တတ်တဲ့ အကြွေးစုဆောင်းရေးအေးဂျင့် ဖြစ်သူ ထယ်ဂွန်းဟို တစ်ယောက်၊ တစ်နေ့မှာတော့ သူ့ဆီမှာ အရမ်းကိုပြင်းထန်နေပြီဖြစ်တဲ့ အသည်း ကင်ဆာရောဂါရှိနေပြီလို့ သိလိုက်ရပါတယ်။ အသက်ရှင်ဖို့ အချိန်သုံးလသာကျန် တော့တဲ့ သူ့အတွက် အစားထိုးခွဲစိတ်မှုလုပ်ဖို့ အသည်းအလှူရှင်တစ်ယောက်ကို ဆယ်ရက်အတွင်းရှာဖို့ လိုအပ်လာခဲ့ပါတယ်။ ကြံရာမရတဲ့အဆုံးမှာတော့ သူ့သားလေး သေဆုံးချိန်တုန်းက ကိုယ်အင်္ဂါလှူဒါန်း ပေးထားတဲ့သူတွေကို ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို အသည်းလှူပေးနိုင်လောက်မဲ့ ချာဟာယွန် ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ ချာဟာယွန်ဟာ နာမည်ကြီးလူလိမ် တစ်ယောက်ဖြစ်နေတာကြောင့် သူ့ပြစ်ဒဏ်တွေအတွက်အချုပ်ကျနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အချုပ်က လွတ်ဖို့ ရက်အနည်းငယ်သာကျန်တာ သိလိုက်ရတဲ့ အချိန်မှာတော့ ထယ်ဂွန်းဟိုတစ်ယေက် လူလိမ် ချာဟာယွန်ကို သူ့အသည်းကို အစားထိုးပေးဖို့ ဘယ်လိုစည်းရုံးမလဲ။ ချာဟာယွန် လုပ်ခဲ့တဲ့အရှုပ်အရှင်းတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ သူအောင်အောင်မြင်မြင် ခွဲစိတ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှူလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.8 GB) / (810 MB) / (566 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......June Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 720p | 810 MB | Download |