
ရာဂျုးကူလီက ငယ်ငယ်တုန်းက မမျှော်လင့်ပဲ သူ့အမေနဲ့ ရထားဘူတာတစ်ခုမှာ ရှင်ကွဲကွဲသွားခဲ့ပါတယ်။ ဘူတာက လူတစ်ယောက်က သူ့ကို ကူလီထမ်းပြီး ဘဝကို ပျော်ပျှော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ဖို့ သင်ကြားပေးခဲ့သတဲ့။ ဒီလိုနဲ့ သူကြီးလာတော့ ဘူတာမှာ လူတကာရဲ့ အထုပ်တွေကိုသယ်ရင်း အလုပ်လည်းကြိုးစားသလို ဉီးဆောင်နိုင်စွမ်းလည်း ရှိလေတော့ ရာဂျုးကူလီ နံပါတ် ၁ ဆိုပြီး နာမည်ကြီးနေပါတော့တယ်။ မစ္စတာရိုဇာရီယိုဆိုတဲ့ လောဘကြီးသူဋ္ဌေးရဲ့ အိမ်ကိုလည်း ပုဏ္ဏားတစ်ယောက်က မင်္ဂလာကိစ္စကမ်းလှမ်းဖို့ သားရှင်မိသားစုနဲ့အတူ ရောက်လာတယ်။ ရိုဇာရီယိုက "အစားအသောက်ပစ္စည်းဝယ်ရင်တောင် လေယာဉ်နဲ့ထွက်ဝယ်တဲ့သူမျိုး၊ နိုင်ငံတစ်နိုင်ငံက ပိုက်ဆံလိုရင်တောင် သူ့အရှေ့လက်လာဖြန့်ရမယ့်သူမျိုးကိုပဲ သားမက်တော်နိုင်မယ်"လို့ လေလုံးထွားလိုက်ပါတယ်။ပုဏ္ဏားကြီးဟာ သူ့သက်တမ်းတစ်လျှောက် ဒီလိုမျိုးမကြုံဘူးတော့ အရမ်းရှက်သွားတယ်...ဒါ့ကြောင့် ဘဝင်လေဟပ်နေတဲ့မိသားစုကို လက်စားချေဖို့ လွန်စွာမှာ နိမ့်ကျတယ်လို့ ယူဆတဲ့ ရာဂျူးကူလီနံပါတ် ၁ ကို အကူအညီတောင်းပြီး ရွှေဇွန်းကိုက်တဲ့သမီးတော်ကို ရဖို့ကြိုးစားပါတော့တယ်... ကူလီသမားကို သူဌေးကြီးပုံစံဖြစ်အောင် ပုဏ္ဏားကြီးဘယ်လိုကြိုးစားမလဲ... သူတို့ဘယ်လိုအကွက်ချကြမလဲ..အောင်မြင်နိုင်ပါ့မလား....ဆိုတာကိုတော့... တော်တော်လေး ရယ်ရတဲ့ ဇာတ်ကားဖြစ်လို့ Comedyကားကြိုက်သူများ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်.... File Size :(2.54GB) and (1.1GB) Quality : HEVC 1080p 5.1, 720p Format…mp4 Duration…02:15:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |