
Cool Gel Attacks (2010) IMDb – 5.6 Channel Myanmar ပရိသတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရှုရမဲ့ ထိုင်းရုပ်ရှင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ ပေါက်စီလုပ်ရောင်းတဲ့ ထီရာချိုင်နဲ့ ရေခဲစက်ရုံပိုင်တဲ့ မဲတို့ဟာ အိမ်နီးချင်းတွေဖြစ်ကြပြီး ကျန်တဲ့မိသားစုဝင်တွေက အချင်းချင်း တည့်ကြပေမဲ့ သူတို့နှစ်ယောက်ကတော့ မျက်လုံးချင်းဆုံလိုက်တိုင်း ရန်ဖြစ်နေတတ်ကြတဲ့ လူနှစ်ယောက်ပါ။ တစ်နေ့မှာတော့ ဘန်ကောက်မှာ ထူးဆန်းတဲ့ဂျယ်လီပိုးကောင်လို အရာတွေ ပေါ်လာပြီးနောက် မြို့သူမြို့သားတွေဟာ ဒါတွေကို ဂြိုဟ်သားတွေလို့ယူဆကြပြီး အတိတ်ကောက်ခါ ထီထိုးကြ ကိုးကွယ်ကြနဲ့ ပျားပန်းခပ်နေကြပါတယ်။ ဒီထဲမှာ မတည့်အတူနေနှစ်ယောက်ဖြစ်တဲ့ ထီရာချိုင်နဲ့ မဲလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒါဟာ ဂြိုဟ်သားမဟုတ်ဘဲ ရေစိမ်ထားတဲ့ အပူကျကပ်ခွာဖြစ်ကြောင်း အတည်ပြုပြီးနောက် ဒီကိစ္စဟာ ဒီမှာတင် ပြီးပြတ်သွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အပူကျကပ်ခွာလို့ ထင်ထားခဲ့တဲ့ အဲဒီပိုးကောင်က ထီရာချိုင်တို့အိမ်မှာ လူတစ်ယောက်ကို သတ်လိုက်တဲ့အခါမှာတော့ ပိုးကောင်ဆီကနေ လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ ထီရာချိုင်နဲ့ မဲတို့ ပြန်တည့်သွားမလား.. ပိုးကောင်တွေကိုရော ရှင်းထုတ်နိုင်မလားဆိုတာကို Channel Myanmar နဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။ (အညွှန်းကိုတော့ Su Sandi က ရေးသားထားပါတယ်) File Size ~~~ 1.66 GB/ 816 MB Quality ~~~ WEB-DL/ 1080p/ 720p Duration~~~1:25:51 Format~~~mp4 Genre ~~~Comedy, Horror, Science Fiction Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Su Sandi Encoded by~~~ Treasure Htet