
သာယာတဲ့ ပုံမှန်နေ့လေးတစ်နေ့မှာ Uda မိသားစုအနေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါတော့တယ်။ မိသားစုထဲက အငယ်ဆုံးလေး Yuzuha ကို မတရား ပြန်ပေးဆွဲခံရတဲ့ အကြောင်းပြချက်က နိုင်ငံရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အခါ သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ။ အမှန်တရားကို ရှာဖွေချင်တဲ့ ဦးလေးဖြစ်သူ Kouji Uda ရော တူမလေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူတွေ ကစားကြတဲ့ နိုင်ငံရေး အရှုပ်တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူတွေက ဘယ်သူတွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်တွေကတောင် အလျော်အစားကြီးမားလွန်းနေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ပြောင်းလဲစေတဲ့ ရွေးချယ်မှုတွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တစေ့တစောင်း ပြသနေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူးနေကျ Crime/ Thriller တွေနဲ့ မတူတဲ့ ခံစားမှု တစ်ခုကို ပေးစွမ်းနိုင်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် သရုပ်ဆောင်တွေ အများအပြားပါဝင်သရုပ်ဆောင်ထားပြီး cinematographyနဲ့ နောက်ခံအသံ အပြင်၊ အရောင်ရွေးချယ်မှုတွေလည်း ကောင်းမွန်တာကြောင့် တကားလုံးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ အမှန်တရား၊ မိသားစု၊ ဥစ္စာဓန၊ တရားမျှတမှု၊ ပြစ်မှု နှင့် ပြစ်ဒဏ် စတာတွေကို မေးခွန်းထုတ်စေမိတဲ့ ရသစုံလင်တဲ့ Imdb 6.7ရ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 720p | 690 Mb | Download | |
| 720p | 690 Mb | Download | |
| 720p | 690 Mb | Download | |
| 720p | 690 Mb | Download | |
| 720p | 690 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director