
ဒီကားလေးကတော့ ဘောလီးဝုဒ်နာမည်ကျော် ရုပ်ရှင်စတားတွေကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ မှုခင်းအက်ရှင် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဈေးလမ်းထဲက သာမန်လူမိုက်တွေဖြစ်နေပေမဲ့ ရည်မှန်းချက်ကြီးတဲ့ ချန်ဒူ တို့အဖွဲ့ဟာ မွန်ဘိုင်းမြို့ရဲ့ အကြီးဆုံးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာလစ်ခ်ဘာဟီ ဆီမှာ အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဂိုဏ်းစတားတစ်ယောက်လုပ်လာတဲ့ မာလစ်ခ် ကလည်း အလုပ်လုပ်ရာမှာ စေ့စပ်တိကျပြီး ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ချန်ဒူ ကိုတခြားသူတွေထက် မျက်နှာသာပေးရင်း တဖြည်းဖြည်းညီအစ်ကိုရင်းချာပမာ ဖြစ်လာခဲ့ကြပါတယ်။ နဂိုကမှ ဂုဏ်သတင်းကြီးလှတဲ့ မာလစ်ခ်တို့ဂိုဏ်းမှာ ချန်ဒူလို အရည်ချင်းရှိတဲ့ သစ္စာခံတစ်ယောက်ရောက်လာတဲ့အခါ ကျားကိုတောင်ပံတပ်ပေးလိုက်သလို တစ်နယ်လုံးမှာ ပြိုင်စံရှားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါတော့တယ်။ မာလစ်နဲ့ချန်ဒူ မွန်ဘိုင်းဒုစရိုက်လောကမှာ အတိုက်အခိုက်တွေကိုဖြေရှင်းနေချိန် တစ်ဖက်မှာလည်း ဘရိန်းကောင်းလွန်းပြီး သူတာဝန်ကျတဲ့နေရာတိုင်းမှာ ရာဇဝတ်မှုဖြစ်ပွားနှုန်းတွေကျကုန်တယ်လို့ နာမည်ကျော်လှတဲ့ရဲမှူးကြီးဟာ မွန်ဘိုင်းကိုရောက်လာပြီး မာလစ်ခ် တို့ကို ထောင်ထဲထည့်ဖို့ ကြိုးစားပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကျောရိုးတည်ထားပြီး နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့အတွက် ကြည့်ရှုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်) File Size : 2.5GB, 1.2GB & 586MB Quality : 1080p WebRip, 720p WebRip & 480p Format : mp4 Duration : 2hr & 22mins Genre : Action, Crime, Drama Translated by Thar Htet Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |