
ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီး မင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင် ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်း အကြောင်းကို ကြည့်ရှုရမှာပါ။ ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ ယောက်ျားဖြစ်သူက အလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူ လေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင် ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီး မွေးရပ်မြေကို ပြန်ရဖို့ဖြစ်လာပါတယ်။ ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော် အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးက ထူးဆန်းတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ ဒီလိုနဲ့ လမ်းမှာနှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်က လိုက်သတ်တာကို ကြုံတွေ့ရပါတော့တယ်။ ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား… သူ့အမေရဲ့ အသက်ကိုရော မီနိုင်မှာလား…ဘယ်လိုနည်းတွေသုံးပြီး လူသတ်သမားကို ရင်ဆိုင်မှာလဲ…ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကို ထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။ File size… (1.38GB) / (800MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.38GB | Download | |
| 1080p | 1.38GB | Download | |
| 1080p | 1.38GB | Download | |
| 1080p | 1.38GB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download |