
Coffee with A Killer (2025) “လူသတ်သမားနဲ့ အတူသောက်မိတဲ့ ကော်ဖီတစ်ခွက်” ကော်ဖီဆိုင်ဆိုတာ လူမျိုးစုံက အကြောင်းပေါင်းစုံနဲ့ လာတတ်တဲ့နေရာမျိုးပါ။ ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း လူတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင် ဇာတ်လမ်းပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရတတ်ပါတယ်။ ဒီလိုပါပဲ… ဒီဇာတ်လမ်းကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကို အခြေခံပြီး ဇာတ်ကောင်မျိုးစုံကို ဖန်တီးထားမို့ ကြည့်နေကျပုံစံနဲ့ နည်းနည်းကွဲပြားနေမှာတော့ အမှန်ပဲ။ ဇာတ်လမ်းထဲက ကော်ဖီဆိုင်မှာတော့ မန်နေဂျာဖြစ်သူက မြာပွေပြီး တစ်ချိန်လုံး ဖုန်းနဲ့ကြူနေတဲ့သူပေါ့။ ကော်ဖီဆိုင်တွေရဲ့ထုံးစံအတိုင်း စုံတွဲတွေ၊ အလုပ်ကိစ္စရှိသူတွေအပါအ၀င် လူပေါင်းစုံ လာနေတဲ့ထဲမှာ ထူးခြားတဲ့သူတစ်ယောက် ပါလာပါတယ်။ အဲဒါကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ ဘယ်သူကမှတော့ လူသတ်သမားတစ်ယောက်နဲ့ တစ်ဆိုင်တည်း ကော်ဖီထိုင်သောက်ရမယ်လို့ တွေးကြည့်ဖူးမယ်တောင် မထင်ပါဘူး။ ပိုဆိုးတာက အဲဒီလူသတ်သမားဟာ ကော်ဖီဆိုင်ကို လူသတ်ဖို့ရောက်လာတဲ့ အဖြစ်ပါပဲ။ သူသတ်ရမဲ့သူဟာ ကော်ဖီဆိုင်ထဲမှာ ရှိနေပါတယ်။ အဲဒီလိုနဲ့ သူသတ်ရမဲ့သူက ဘယ်သူဖြစ်နေမလဲ၊ လူသတ်သမားရောက်နေတဲ့ ကော်ဖီဆိုင်က ဇာတ်လမ်းပေါင်းစုံကြားမှာ ဘယ်လိုဇာတ်ရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေပါနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 720p | 771 MB | Download | |
| 720p | 771 MB | Download | |
| 720p | 771 MB | Download | |
| 720p | 771 MB | Download | |
| 720p | 771 MB | Download | |
| 720p | 771 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director