
Club Zero (2023) ~ IMDb – 5.9/10, Rotten Tomatoes – 63% ~ Club Zero က Alice in Wonderland တို့၊ Crimson Peak တို့၊ Stoker တို့ရဲ့ မင်းသမီး Mia Wasikowska ကို တမူကွဲပြားတဲ့ ပုံစံနဲ့မြင်ရမယ့် ရုပ်ရှင်ပဲ။ အဲလစ်ထဲက ကလေးမလေးက သူရောဟုတ်ရဲ့လားထင်ရလောက်အောင် ရုပ်လည်းတော်တော်ကျသွားသလို သရုပ်ဆောင်တာလည်း ကြမ်းလာတယ်။ Club Zero က Palme d’Or ဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ နောက်ခံတေးဂီတဆုတွေတော့ တခြားရုပ်ရှင်ပွဲတော်တွေမှာ တော်တော်လေးရထားတယ်။ ဒါရိုက်တာဖြစ်တဲ့ Jessica Hausner ကတော့ သိပ်တော့မရင်းနှီးပေမဲ့ ဟိုးကတည်းက ကိန်းစ်မှာ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ဒါရိုက်တာပဲ။ ဒီကားကတော့ သူ့အရင်ကားတွေနဲ့ Genre မတူဘူး။ Black Comedy, Thriller လို့ဆိုတဲ့ ဒီကားကိုတော်တော်များကတော့ Fail တယ်လို့ပြောကြတယ်။ ဇာတ်က ဈေးကြီးကြေးကြီးကျောင်းတစ်ကျောင်းမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီကျောင်းကို ဆရာမအသစ်ရောက်လာတယ်။အဲဒီဆရာမသင်ပေးတာက အစားစားဖို့။ အစကတော့ သတိနဲ့အစားစားဖို့ သင်ပေးတာပဲ။ အစားကို ငါစားနေပြီ ငါစားနေတယ် ငါမျိုချလိုက်ပြီ သေချာသတိလေးနဲ့စားရင် ဗိုက်ခဏခဏမဆာဘူးလို့တော့ ဆိုတာပဲ။ အဲဒီလိုစားတာကလည်း အများကြီးစားရင် ခန္ဓာကိုယ်အတွက်မကောင်းဘူး။ နည်းသည်ထက်နည်းအောင်စား ဆိုပြီး ဇာတ်လမ်းက စလာတယ်။ အဲဒီလိုစရင်းနဲ့မှ အစားစားဖို့သင်ပေးတာကနေ အစားမစားဖို့ သင်ပေးတာဖြစ်သွားတယ်။ အကုန်လုံးအငတ်ခံဆန္ဒပြသလိုကို နေနေကြဖို့ တိုက်တွန်းထားတယ်။ သူ့အမျိုးအစားက ဘလက်ကော်မဒီဆိုပေမဲ့ Satire လိုလိုတော့ သွားထားတာပဲ။ သူ့ပြဿနာက ဘာကိုသရော်ချင်လို့ သရော်ချင်မှန်း သိပ်မသည်းကွဲနေဘူး။ ဒါကလည်း ကြည့်တဲ့လူတိုင်းနီးပါးဖြစ်တဲ့ပြဿနာပဲ။ ဘာပဲဖြစ်ဖြစ် ဘာပေါ်တာမပေါ်တာတွေ အသာထား ဒီတိုင်းကြည့်မယ်ဆိုရင်တော့ ဇာတ်က ဘလက်ကော်မဒီအရသာတော့ပေးနေတုန်းပဲ။ ဆိုတော့ တော်တော်ကြောင်တောင်တောင်နိုင်တဲ့ဇာတ်ကို ခပ်စားစားတင်ဆက်ထားတာ အပျင်းပြေကြည့်ချင်ရင်တော့ တော်တော်ကြည့်ရပျော်တယ်။ ကြည့်လို့ကောင်းတယ်။ အစားဆုံးကတော့ စားသည်ထက်စားလာရင်း နောက်ဆုံးအထိ စားသည်ထက်စားသွားတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.3GB | Download | |
| 1080p | 2.3GB | Download | |
| 1080p | 2.3GB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download | |
| 720p | 930MB | Download |