
Clerks (1994) IMDb rating ~ 7.7 Rotten Tomatoes 🍅 ~ 90 % 6 wins & 11 nominations Low budget နဲ့ အဖြူအမည်း ဗားရှင်းပဲ ရိုက်ခဲ့ရပေမဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး 2006 မှာ Clerks II နဲ့ 2022 မှာ Clerks III ဆိုပြီး နောက်ဆက်တွဲကားတွေထိ ရိုက်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ ညစ်ညမ်းတဲ့ ဒိုင်ယာလော့ခ်တွေ ဖောဖောသီသီသုံးထားပြီး ဟာသဆန်ဆန် ရိုက်ပြထားတဲ့ အဖြူအမည်း ဇာတ်ကားပါ Quick Stop စတိုးဆိုင်ဝန်ထမ်း ဒန်တီနဲ့ သူ့သူငယ်ချင်း RST ဗီဒီယိုခွေ အငှါးဆိုင်က ဝန်ထမ်း ရန်ဒယ်တို့ရဲ့ တစ်နေ့တာ ဘဝကို ရိုက်ပြထားတာပါ ဒန်တီက တွေ့ဖူးနေကျလူတွေအတိုင်း ဘဝကြီးကို မကျေမနပ်ဖြစ်နေပေမဲ့ ပွစိပွစိ ထိုင်ပွါးရုံက လွဲပြီး ဘာမှ မလုပ်တဲ့သူပါ ရန်ဒယ်ကတော့ ဆိုင်ကို လာချင်တဲ့အချိန်မှ လာ ရောက်လာသမျှ customer တွေကို ဘုပြောလွှတ်ပြီး နေချင်သလို နေတဲ့သူမျိုးပါ သူတို့နှစ်ယောက် စကားပြောတဲ့ အခန်း၊ customer တွေနဲ့ စကားပြောတဲ့အခန်း၊ ဒန်တီရဲ့ ရည်းစားတွေနဲ့ စကားပြောတဲ့အခန်း၊ (မပြတ်နိုင်သေးတဲ့ရည်းစားဟောင်း နဲ့ လက်ရှိရည်းစား) အဲဒါတွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတာပါ ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ အရှုပ်ထုပ်တွေ အယူအဆတွေကို စကားပြောခန်းတွေနဲ့ပဲ ချပြသွားတဲ့ ဇာတ်ကားပါ အဖြူအမည်းကို ခံစားတတ်ပြီး စကားပြောခန်းတွေကို ဇိမ်နဲ့ ခံစားတတ်သူတွေ အတွက်တော့ အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားဖြစ်မယ်ဆိုတာ ရထားတဲ့ rating တွေ၊ award တွေ နဲ့ nomination တွေကို ကြည့်ရင် သိနိုင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 3.4GB | 1.7GB | 646MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 3.4GB | Download | |
| 1080P | 3.4GB | Download | |
| 1080P | 3.4GB | Download | |
| 1080P | 3.4GB | Download | |
| 720P | 1.7GB | Download | |
| 720P | 1.7GB | Download | |
| 720P | 1.7GB | Download | |
| 720P | 1.7GB | Download | |
| 720P | 1.7GB | Download | |
| 480P | 646MB | Download | |
| 480P | 646MB | Download | |
| 480P | 646MB | Download | |
| 480P | 646MB | Download | |
| 480P | 646MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director