
Clear and Present Danger (1994) ~ IMDb - 6.9/10, Rotten Tomatoes - 81% ~ ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲတွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်းတွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အရေးပါတဲ့နေရာက ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းက အမေရိကန်နဲ့ ကိုလံဘီယာ မူးယစ်ရာဇာတွေကြား ပဋိပက္ခတွေကို ဇာတ်လမ်းဆင်ထားတာပါ။ အမေရိကန်သမ္မတရဲ့ နိုင်ငံရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကိုဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အမေရိကန်အစိုးရဘက်က နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်ဆောင်ပါတော့တယ်။ ဒါပေမဲ့ ဒီဂိုဏ်းကိုချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်ရေးအဖြစ်နဲ့ပဲ ဆောင်ရွက်လို့ရတာကြောင့် အစိုးရအနေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်အောင် ကြေးသားစစ်သားတွေကို ငှားပြီး တရားမဝင် စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ဒီဇာတ်ထဲမှာ ပဲလှော်ကြား ဆားညပ်သွားတာက ဂျက်ရိုင်ယန်ဖြစ်ပြီး ထောက်လှမ်းရေးအရာရှိအနေနဲ့ သမ္မတရဲ့မိတ်ဆွေ အသတ်ခံရတဲ့အမှုကိုစုံစမ်းရင်း နိုင်ငံရေးအရှုပ်အထွေးကြားထဲ ပါဝင်သွားခဲ့ပြီး ဒီတရားမဝင်စစ်ဆင်ရေးကို ဖြေရှင်းရမယ့်အရေးနဲ့ ကြုံသွားပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 855MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 21Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |