
City Of The Rising Sun (1998) ဒီကားလေးကတော့ 1999ထွက် ကိုရီးယားကားလေးဖြစ်ပြီးတော့ ဘ၀အပေါ်မှာမြင်တဲ့အမြင်ချင်း ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးပြထားပါတယ်။ မင်းသားကြီးJung Woo Sungနဲ့ Lee Jung Jaeကပါ၀င် သရုပ်ဆောင်ထားပါတယ်။ အမြဲလူတစ်ကာအပေါ်မှာ လှည့်ပတ်လိမ်လည်နေရင်း ကြီးပွားချမ်းသာဖို့အရေးကိုပဲ ကြံစည်နေတဲ့ ဟုန်ဂီ၊ ပြိုင်ပွဲတွေမှာ အရူံးနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အားမလျှော့ဘဲ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့ ဒိုချော၊ အဲဒီလိုသူတို့နှစ်ယောက်က အလုပ်တစ်ခုတည်းမှာ အတူတူလုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်၊ သူများအပေါ်မှာ ဖျံကျတတ်တဲ့ဟုန်ဂီရဲ့အကျင့်တွေကို ဒိုချောကလည်း သဘောမကျသလို ဟုန်ဂီကလည်း ချန်ပီယံဖြစ်ဖို့အရေးကိုပဲ အာရုံစိုက်နေတဲ့ ဒိုချောက သူ့အမြင်မှာ လှောင်စရာဖြစ်နေတာပါ။ ဒီလိုမျိုးမတူညီကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကူညီရင်းနဲ့ပဲ သူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀အပေါ်ခံယူချက်တွေ သူတို့ရဲ့ဘ၀ကို ကိုယ့်ရဲ့နည်းလမ်းအတိုင်း အကောင်းဆုံးကြိုးစားဖြတ်သန်းနေပုံတွေကို ရိုးရိုးရှင်းရှင်းနဲ့ပဲရင်ထဲရောက်အောင် ရိုက်ကူးပြထားတာမို့ အေးအေးဆေးဆေး အနားယူရင်းကြည့်ရှူခံစားဖို့အတွက် အချိန်ပေးရကျိုးနပ်မယ့် ကားလေးဖြစ်မှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Aye Phyo ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Aye Phyo Encoder ….. August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 2.09GB | Download | |
| 1080P | 2.09GB | Download | |
| 1080P | 2.09GB | Download | |
| 1080P | 2.09GB | Download | |
| 720P | 1GB | Download | |
| 720P | 1GB | Download | |
| 720P | 1GB | Download | |
| 720P | 1GB | Download | |
| 720P | 1GB | Download | |
| 480P | 529MB | Download | |
| 480P | 529MB | Download | |
| 480P | 529MB | Download | |
| 480P | 529MB | Download | |
| 480P | 529MB | Download |