
City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 5GB | Download | |
| 1080p | 5GB | Download | |
| 720p | 2.05GB | Download | |
| 720p | 2.05GB | Download | |
| 720p | 2.05GB | Download | |
| 720p | 2.05GB | Download | |
| 720p | 2.05GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director