
သင်မဖြစ်မနေကြည့်သင့်ပြီးအသည်းခိုက်စေမယ့်ဇတ်ကားကောင်းတစ်ခု- – – – City of Dreams (2023) ကိုတော့ အိန္ဒိယလူမျိုး အမေရိကန်နိုင်ငံသား မိုဟစ်ရမ်ချန်ဒန်နီ (Mohit Ramchandani)က ရေးသားရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိုဟစ်က ၂၀၁၀ ကရိုက်ခဲ့တဲ့ The Lost Tribeဇတ်ကားနဲလည်းလူသိများလာတာဖြစ်တယ်။ ဒီဇတ်ကားက ဖြစ်ရပ်မှန်ဇတ်ကားဖြစ်ပြီး လွန်ခဲ့တဲ့ခြောက်နှစ်ကရိုက်ကူးထားတာဖြစ်တယ် ။အဓိက ဇတ်ကောင်ဂျီးဆပ်စ်အဖြစ် သရုပ်ဆောင်တဲ့AriLopez ကလည်းဇတ်ကားနဲ့အတူလူသိများလာပြီး ၂၀၂၃ ထဲမှာကို လူကြိုက်များတဲ့အခြားဇတ်ကားကောင်းတွေကိုရိုက်ကူးခဲ့ရပါတယ်။ အမေရိကန်မင်းသားJason Patric (ဂျေဆင်ပက်ထရစ်) မက္ကဆီကန်မင်းသားDiego Calva(ဒိုင်ဂျီယို ကယ်လ်ဗာ) မက္ကဆီကန်မင်းသား Andre´s Delgado (အန်ဒရီးစ် ဒယ်လ်ဂါဒို) ချီလီမင်းသားAlfredo Castro(အယ်လ်ဖရက်ဒို ကက်စ်ထရို) မက္ကဆီကန်မင်းသမီး Renata Vaca(ရန်နားတာ ဗေကာ) ရိုမေးနီးယားလူမျိုးမင်းသမီးEdinaEady( အက်ဒီးနာ အာဒီ) ဂျိန်းစဘွန်းမင်းသား(Pierce Brosnan) ပီးယာ့စ်ဘရော့စ်နန်နဲ့အခြားဇတ်ပို့များစွာပါဝင်ထားပါတယ်။ ဇတ်လမ်းကတော့ ဘောလုံးစတားဖြစ်ချင်တဲ့ မက္ကဆီကန် ကောင်လေးဂျီးဆပ်စ်ကို ဘောလုံးသင်တန်းကျောင်းတက်ရမယ်လိမ်ခေါ်ပြီးတကယ်တော့ချွေးထွက်တဲ့ အလုပ်ရုံလို့ခေါ်တဲ့စည်းမျဥ်းမရှိအကာကွယ်မရှိအခွင့်ရေးမရှိတဲ့ အလုပ်ရုံတွေမှာရောင်းစားခံရပြီးခေတ်သစ်ကျွန်ပြုခံရတာပဲဖြစ်တယ်။ ဒါ့အပြင်လိင်ကျွန်ပြုတာတွေ ကလေးအပြာတွေရိုက်ကူးတာတွေကိုပါချပြထားပါတယ်။ရဲတွေရင်ဆိုင်ရတဲ့အခက်အခဲတွေသာမကအကျင့်ပျက်ခြစားမှုတွေရှိနေတာငွေနဲ့ဖုံးကွယ်ပြီး အချို့ကုမ္မဏီတွေဘာတွေလုပ်နေသလဲဘယ်လောက်တောင်ဘာတွေကိုအပိုင်ကိုင်ထား လဲဆိုတာပါ တစ်စေ့တစ်စောင်းပြထားပါတယ်။ပရဟိတမျက်နှာဖုံးလေးစွပ်ထားတဲ့အကွက်လေးကိုလည်းပြလိုက်ပါသေးတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သလို သူတို့လေးတွေမှာလည်းကိုယ်စီအိပ်မက်ကလေးတွေရှိကြတာဖြစ်တယ်။သူတို့လေးတွေရဲ့ အိပ်မက်လေးတွေဘယ်လောက်တောင်လှပလိုက်သလဲဆိုတာပါပြထားပါသေးတယ်။ဒီဇတ်ကားက ပြဿနာကိုဘယ်လိုဖြေရှင်းမယ်ပြတာထက် ဒီလိုလူမဆန်တဲ့ခေတ်သစ်ကျွန်ပြုတာတွေဟာ အမေရိကန်လိုလူ့အခွင့်ရေးကိုအလေးထားတဲ့နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာတွေကိုမီးမောင်းထိုးပြထားတဲ့ဇတ်ကားဖြစ်တယ်။အိပ်မက်မြို့တော် အိပ်မက်တိုင်းပြည်ကဒီလိုလားလို့လဲမသိမသာမေးခွန်းထုတ်ပြထားပါသေးတယ်။ကြည့်ရှုသူတွေကိုအံသြထိတ်လန့်အောင်သာမက ကရုဏာဖြစ်အောင်ရိုက်ကူးနိုင်ပြီးဇတ်ကားအစအဆုံးကိုမပျင်းအောင်ကြည့်ရှုသူကိုဆွဲခေါ်သွားမှာဖြစ်တယ်။ဒါရိုက်တာက ဒီကလေးငယ်လူကုန်ကူးတာနဲ့ ခေတ်သစ်ကျွန်ပြုတာကိုမီးမောင်းထိုးပြချင်လို့နှစ်တော်တော်ကြာ အပင်ပန်းခံအချက်အလက်တွေစုဆောင်းပြီးရိုက်ခဲ့ရတာလို့ပြောထားပါတယ်။ အကြိုက်ဆုံးကတော့ ရိုက်ချက်တွေနဲ့တေးဂီတဖြစ်တယ်။ရိုက်ချက်တွေကတကယ့်အနုပညာဆန်ပြီးတေးဂီတကတော့ ဘယ်သူဖန်တီးတာလဲသိချင်စိတ်ဖြစ်လောက်အောင်ကိုဆွဲဆောင်မှုရှိပါတယ်။တေးဂီတနဲ့ရိုက်ချက်တွေကဇတ်ကားကိုဆွဲဆောင်မှုရှိအောင်အများကြီးပံ့ပိုးထားတာဖြစ်တယ်။ဇတ်ကားအစမှာပါတဲ့” ကလေးသူငယ် ၁၂သန်းဟာခေတ်သစ်ကျွန်ပြုခံနေရတယ်” ဆိုတဲ့စကားအောက်မှာမိမိတိုင်းပြည်က ကလေးတွေပါပါနေလားဆိုတဲ့အသိကိုလည်းပေးမယ့်ဇတ်ကားဖြစ်တယ်။ဂျီးဆပ်စ် တစ်ယောက်လွတ်မြောက်နိုင်မလားဆိုတာကိုတော့ ပိတ်ကားပေါ်မှာဆက်ကြည့်ပါ။ ရုပ်ရှင်ကို မတ် ၂၀၂၃ ကMammoth ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး ၂၀၂၄သြဂုတ်လ၃၀ရက်ကမှအမေရိကန်ပြည်တွင်းမှာ ပြသတာဖြစ်တယ်။ ဒီနှစ် အမေရိကန်ပြည်တွင်း BoxOffice (လက်မှတ်ရောင်း)မှာတော်တော်ပေါက်တဲ့ဇတ်ကားဖြစ်ပြီးနိုင်ငံတကာမှာလည်း $ ၁.၇ သန်းရရှိထားပြီဖြစ် ပါတယ်။ဒါရိုက်တာကအလှူရှင်တွေအကူအညီနဲ့မေတ္တာလက်ဆောင်လက်မှတ်တစ်သန်းကိုစီစဥ်ထားတာလည်းထုတ်ပြောပါတယ်။ ကြည့်ရှုသူတွေပေးတဲ့rating90%ရထားတဲ့ဇတ်ကားကောင်းဖြစ်လို့ကြည့်ဖြစ်အောင်ကြည့်ပါတိုက်တွန်းလိုပါတယ်။ File size…(1.5 GB)/(932 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 932 MB | Download | |
| 720p | 932 MB | Download | |
| 720p | 932 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director