
စင်ဒရဲလားက မင်းသားလေးနဲ့ လက်ထပ်ပြီးနောက် Happily Ever After ဘဝကို ရသွားတယ်လို့ ဇာတ်လမ်းလေး ရှိသလို မင်းသားလေးက ဖောက်ပြန်လို့ စင်ဒရဲလားက လက်ထပ်ပြီးတာတောင် စိတ်ဆင်းရဲစွာနေထိုင်ရတယ်ဆိုတဲ့ မူကွဲတွေလည်း ရှိပါတယ်။ ဒီဇာတ်လမ်းမှာတော့ စင်ဒရဲလားကို သူမရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိထွေးနဲ့ အစ်မတွေက အဆုံးစွန်ဆုံး ရိုက်နှက်နှိပ်စက်ကြတဲ့အခါ စင်ဒရဲလားက သည်းမခံတော့ဘဲ သူမရဲ့ Fairy Godmother အကူအညီနဲ့ ကလဲ့စားချေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Fantasy ဖြစ်ပြီး ကလေးငယ်လေးတွေ မကြည့်သင့်တဲ့ စင်ဒရဲလားကားလေးပါ။ အသတ်အဖြတ်ကြမ်းကြမ်း၊ သွေးထွက်သံယိုများများနဲ့ စင်ဒရဲလားတစ်ယောက် အောင်အောင်မြင်မြင်နဲ့ သူမရဲ့ ကလဲ့စားကိုချေနိုင်မှာလား၊ မင်းသားလေးနဲ့ရော ပျော်စရာဇာတ်သိမ်းလေးရပါတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw