
GOT7 အဖွဲ့၀င် မင်းသားချောလေး Park Jin-young ရဲ့ မကြာခင်ကမှ ရုံတင်ပြသထားတဲ့ movie လေးလာပါပြီ။ ဒီဇာတ်ကားထဲမှာ Jin-young က လုံး၀မတူညီတဲ့ ကာရိုက်တာနှစ်ခုကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေကလည်း တအားမိုက်လို့ တကယ်ကို ကြည့်သင့်တဲ့ကားလေးလို့ ညွှန်းချင်ပါတယ်။ ဒီနေ့လို ခရစ္စမတ်အကြိုနေ့လေးမှာ ခရစ္စမတ်အကြောင်းပါ၀င်နေတဲ့ ဇာတ်ကားလေးကို ကြည့်ရတော့ အမှတ်တရလည်းဖြစ်တာပေါ့။ ဇာတ်လမ်းအကျဉ်း ... ဂျူအီးဝူနဲ့ ဂျူဝေါဝူတို့ဟာ အမြွှာညီအစ်ကိုတွေဖြစ်ကြပြီး ခရစ္စမတ်နံနက်ခင်းမှာ ညီဖြစ်သူ ဝေါဝူကို သေလျက်သား တွေ့ရှိခဲ့ရတယ်။ ရိုးရိုးရှင်းရှင်းမတော်တဆမှုကြောင့်ဆိုပြီး အမှုပိတ်လိုက်ပေမဲ့ အစ်ကိုဖြစ်သူ အီးဝူဟာ ဒါကိုလက်မခံနိုင်ခဲ့ဘူး။ အဲဒါကြောင့် သူ့ညီရဲ့ သေဆုံးမှုကို ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီး ပါဝင်ပတ်သက်နေသူ ဖုံးကွယ်ပေးသူအားလုံးကို လက်စားချေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အီးဝူမှာရှိနေတဲ့ သဲလွန်စက ဝေါဝူနဲ့ နောက်ဆုံးဖုန်းပြောတုန်းက ဖုန်းထဲကနေ ကြားလိုက်ရတဲ့အသံတစ်ခုတည်းသာပါ။ ဒါပေမဲ့လည်း ညီဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ဖို့နဲ့ တရားခံကိုရှာဖို့အတွက် အီးဝူတစ်ယောက် ကြိုးစားစုံစမ်းရင်းကနေမှ လူငယ်ထိန်းသိမ်းရေးစခန်းကို ရည်ရွယ်ချက်ရှိရှိ၀င်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းကို ကို Hnin က ရေးပေးထားပါတယ်။) File Size : 1.5GB, 560MB, 283MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr 11mins Genre : Thriller Translated by Hnin, Tiff & Miri Encoded by Kinnov