
IMDb Rating - 6.5/10 Motherfker ကြီးလို့လူသိများသူ (သို့) နောင်တစ်ချိန်မှာ Marvel ရဲ့ Nick Fury ရယ်လို့ ဖြစ်လာမယ့် အာဖရိကန်အမေရိကန်မင်းသားကြီး Samuel Jackson နဲ့ နောင်အခါမှာ DC ရဲ့ Batman ဇာတ်ကောင် သရုပ်ဆောင်ရတော့မယ့် မင်းသားချောကြီး Ben Affleck တို့ရဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ဒီဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်အိမ်ကို တစ်ရက်အတွင်းမှာဖြစ်ပျက်သွားတဲ့ဇာတ်အိမ်အဖြစ်တည် ထားတာမျိုးပါ။ တစ်ခါတလေကျရင် ကျွန်တော်တို့လူဘဝဆိုတာ ကောင်းတာ တွေကိုမျှော်လင့်နေကာမှ ဆိုးတာတွေချည်းဇာတ်တိုက်လှိမ့်ဝင်နေတတ်တာမျိုးပါ။ ဒီရုပ်ရှင်ကားမှာလည်း သားနှစ်ယောက်ရဲ့ဖခင် Samuel Jackson ကို မိခင်ဖြစ်သူ အမျိုးသမီးက ခွဲခွာပြီးနောက် ကလေးတွေရဲ့အုပ်ထိန်းခွင့်ကိုယူဆောင်ကာ ဝေးရာကို သွားဖို့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ခွင့်တောင်းရာကနေစတင်ထားပါတယ်။ မင်းသားကြီး Ben Affleck ကလည်း ယောက္ခထီးအလိုကျ ပရဟိတသမားကြီး တစ်ယောက်ရဲ့အလှူငွေတွေကို ရုံးတော်မှာ ဘုံးတော်မူဖို့အတွက် အမှုရင်ဆိုင်ရမယ့် ဇာတ်အိမ်မျိုးနဲ့စတည်ထားပါတယ်။ ဒီတော့ မတူညီသောအကြောင်းပြချက်နှစ်မျိုးကြောင့် တရားရုံးတက်ရမယ့်အမျိုးသား ၂ ဦးမည်သို့ဆုံမလဲ၊ ဆုံပြီးတဲ့နောက် ဘယ်လိုဇာတ်အိမ်အရှုပ်အထွေးတွေနွယ်လာမလဲ၊ ထိုဇာတ်အိမ်အရှုပ်အထွေတွေကြားမှာ သူတို့နှစ်ယောက် ဘယ်လိုမျိုးဇာတ်ကောင်ချင်း အားပြိုင်ကြမလဲဆိုတာကို Changing Lanes 2002 ကားလေးထဲမှာ ခံစားရင်ခုန်ပေး လို့ရပါပြီခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size - (1.34 GB) / (635 MB) / (412 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 38mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – San Thu Aung Encoder – SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.34 GB | Download | |
| 720p | 635 MB | Download | |
| 1080p | 1.34 GB | Download | |
| 720p | 635 MB | Download |
ထုတ်လွှင့်သည့်နေ့
April 7, 2002
ကြာချိန်
1h 39m
အဆင့်သတ်မှတ်ချက်
6.2 / 10
Director
Roger Michell