
၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား… တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အသည်းတထိတ်ထိတ် ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size : (1.9GB), (819MB) & (354MB) Quality : 1080p BluRay, 720p BluRay & 480p Format : mp4 Duration : 1hr & 53mins Genre : Action, Adventure, Crime Translated by May Myat Thu Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |