Preparing your cinema experience...

စိတ်ဝင်စားစရာကောင်းတဲ့တင်ဆက်မှုတွေနဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ Nomineeတွေဆုတွေရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက အရမ်းချစ်တဲ့ချစ်သူတွေဖြစ်ကြပေမယ့် ရွေးချယ်တဲ့လမ်းကြောင်းမတူကြတဲ့အတွက် ကွဲကွာခဲ့ပြီး ကွဲပြားတဲ့ရလာဒ်တွေကိုယ်စီရခဲ့ကြတယ်။ ၂၀၀၀ခုနှစ် မိန်းမပျိုတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့ ယှဉ်ပြီးပြသွားတာဖြစ်ပါတယ်။ အချိန်စီးကြောင်းအတိုင်း မိန်းကလေးဟာ ရင့်ကျက်လာတယ် နားလည်လာတယ် ပြောင်းလဲလာပြီး သန်မာလာခဲ့တဲ့ဖြစ်စဉ်ကို ရိုက်ပြသွားတဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ မင်းသမီးကတစ်ကားလုံး ဒိုင်ယာလော့တစ်လုံးမှမပါတာပါပဲ။ အစပိုင်းမှာတော့ ဇဝေဇဝါနည်းနည်းဖြစ်ပေမယ့် တဖြည်းဖြည်းချင်းဇာတ်လမ်းထဲကို နစ်မြုပ်သွားစေမယ့် ခံစားချက်တွေအပြည့်ပေးနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။