
Catwoman (2004) Genre – Action,Crime,Fantasy ဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။ အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။ Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။ File size… 2.1 GB / 971 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Action/Crime/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 971 MB | Download | |
| 720p | 971 MB | Download | |
| 720p | 971 MB | Download | |
| 720p | 971 MB | Download |