
Carry on Jatta 3 (2023) IMDb-7.5/10 ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။ သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်)