
ဟောင်းပေမဲ့ ရယ်မောနေရဆဲဖြစ်တဲ့ 1992 ခုနှစ်ထွက်ဟာသရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အမွေရတဲ့ရွက်လှေကို ပြန်ရောင်းဖို့အတွက်သွားယူကြရင်း အပြန်လမ်းခရီးမှာ စွန့်စားခန်းမျိုးစုံကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆုံးသွားတဲ့ ဦးလေးဖြစ်သူဆီကနေ အပျော်စီးရွက်လှေတစ်စီးကို ချီကာဂိုကဟာဗေးမိသားစုအမွေရလိုက်ပါတယ်။ လှေကိုပြန်ရောင်းဖို့အတွက်ဆို လက်ရှိလှေရှိနေတဲ့ ကျွန်းကနေ မိုင်ယာမီကို ပြန်သယ်လာရမှာဖြစ်လို့ မိသားစုတစ်ခုလုံးလှေကိုသွားယူခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရွက်လွှင့်ဖူးတဲ့အတွေ့အကြုံမရှိကြတာမလို့ မာလိန်မှူးတဖြစ်လဲ ရွက်လွှင့်နည်းတွေသင်ပေးလို့ရအောင် ကျွန်းပေါ်ကဒေသခံ ကပ္ပတိန် ရွန်ကိုငှားပြီး မိုင်ယာမီကိုပြန်ရွက်လွှင့်လာခဲ့ကြရင်း ပြောင်းမြောက်လှတဲ့ ကပ္ပတိန်ရွန်ရဲ့ ပဲ့ကိုင်စွမ်းရည်တွေတောင် ဘဝတစ်သက်စာမမေ့နိုင်မဲ့စွန့်စားခန်းတွေကိုဘယ်လိုဖြတ်ကျော်ကြရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File Size : 3.1 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant