
KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။ မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ဂက်ဘ်ဟာ ဒို့စ်ကို လိုက်ရှာပြီးတော့ ကိစ္စအကြောင်းအစုံကို ပြောပြပြီး ကွာရှင်းဖို့ တောင်းဆိုတော့တာပေါ့။ ဖိလစ်ပိုင်နိုင်ငံမှာ လက်ထပ်ပြီးရင် ကွာရှင်းဖို့က မလွယ်ပါဘူး။ ဂက်ဘ်နဲ့ ဒို့စ်ဟာ ကွာရှင်းခွင့် တောင်းခံနိုင်ဖို့အတွက် သက်သေအဖြစ်တင်နိုင်မယ့် အကြောင်းပြချက်မျိုးစုံကို ဖန်တီးရင်း တဖြည်းဖြည်း နီးစပ်လာခဲ့တော့တာပါပဲ။ နီးစပ်လာရင်းနဲ့ ဘယ်သူက အရင်ချစ်မိသွားမလဲ၊ ဂက်ဘ်ကရော သူ့ရည်းစားကို စွန့်ပစ်နိုင်ပါ့မလား၊ ဂက်ဘ်ရဲ့ ရည်းစားကရော ဒီလက်ထပ်စာချုပ်ကိစ္စကို သိသွားမလား၊ လက်ထပ်ပွဲကရော ဖြစ်နိုင်ပါဦးမလား၊ ဘာတွေဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ Can't Help Falling in Love ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်ပြီးကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/83 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(999 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:59:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.2GB | Download | |
| 1080p | 3.2GB | Download | |
| 720p | 999 MB | Download | |
| 720p | 999 MB | Download |