
Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ – ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ကျင်းပဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ပဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သူတွေထဲက အနိုင်ရရှိသူကတော့ ဒေါ်လာ ၁သိန်း ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ ခရစ်လည်း ဒေါ်လာ ၁သိန်း ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒါပေမယ့် အနိုင်ရရှိဖို့လုပ်ရာကနေ မကောင်းတဲ့ နတ်သူငယ် တစ်ယောက်နဲ့ အပေးယူ လုပ်မိပါတော့တယ်။ ထိုအပေးယူကို မလုပ်နိုင်ခဲ့ရင် ခရစ်တစ်ယောက် ကျိန်စာမိပြီး Legoအရုပ်လေးတွေလို အရုပ်အဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားရတော့မှာပါ။ ခရစ်တစ်ယောက် အရုပ်အဖြစ် အပြောင်းမခံရအောင် နတ်သူငယ် ပက်ပါ ခိုင်းသလို လက်စွပ်တွေကို ရှာရပါတော့တယ်။ ခရစ်တစ်ယောက် အပေးယူအတိုင်း လက်စွပ်တွေကို ရှာနိုင်သွားမလား …. ဒါမှမဟုတ် Legoအရုပ်အဖြစ်ပဲ ပြောင်းသွားမလား ….. ခရစ္စမတ်ရဲ့ အမှန်တကယ် အနှစ်သာရကိုရော ရှာဖွေတွေ့ရှိသွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ရှု့လို့ကောင်းပြီး ခရစ္စမတ်ကာလနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် မိသားစုနဲ့ပဲအဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ချစ်ရသူလေးနဲ့ပဲအဖြစ်ဖြစ် ကြည့်ရှု့ဖို့ သင့်တော်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.1 GB) Quality…. 720p Format…mp4 Duration….02:00:00 Genre…Comedy, Fantasy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director