
Rating 7.2 ရရှိထားတဲ့ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... လူဆိုတာတစ်နေ့ကျရင် အသက်ကြီး အိုမင်းရမှာပါပဲ အသက်ကြီးလာတဲ့အခါ စုထား ဆောင်းတာတွေမရှိရင် စားဝတ်နေရေး အတော်ခက်ခဲရနိုင်ပါတယ် အဲဒီလိုဖြစ်တတ်တဲ့အခြေအနေတွေ အကြောင်းကို ရိုက်ကူးတင်ဆင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ် လီအစ္စရယ်ဟာ အရောင်းရဆုံးစာရင်းဝင်ဖူးတဲ့ ဖန်နီဘရိုက်အတ္ထုပတ္ထိကို ရေးခဲ့တဲ့ စာရေးဆရာမပဲ ဖြစ်ပါတယ်။ သူ့စာအုပ်တွေဟာ တချိန်တုန်းက လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်း စိတ်မဝင်စားကြတော့တဲ့အခါ ထုတ်လုပ်သူကလည်း မထုတ်ပေးတော့ပါဘူး။ စားဝတ်နေရေး ကြပ်တည်းလာလို့ ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း သူ့အပြုအမူတွေကြောင့် ဘယ်အလုပ်မှ တာရှည်မခံခဲ့ပါဘူး နောက်ဆုံးကြံရာမရဖြစ်လာတဲ့အခါမှာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက် သူ့ကိုပေးဖူးတဲ့ လက်ရေးမူကို ရောင်းချခဲ့ပါတယ်.. မထင်မှတ်ပဲ ငွေအများကြီးရလိုက်တဲ့အခါမှာ သူက ငွေကိုယစ်မူးပြီးတော့ စာရွက်တွေအတုလုပ် ရောင်းချတဲ့အထိ ဖြစ်လာပါတော့တယ်။ သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေမိနေလျက်သား ဖြစ်နေပါတော့တယ်… နောက်ဆုံးလူတွေသိသွားတဲ့အခါ ရဲတွေသိသွားတဲ့အခါမှာ သူ့အနေနဲ့ရှေ့ဆက်တိုးစရာလမ်းလည်း မရှိတော့ပါဘူး အမြဲသူ့ဘေးမှာနေခဲ့တဲ့သူငယ်ချင်းကလည်း သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သူ့ကိုစွန့်ခွာသွားခဲ့ပါသေးတယ်.. ဒီလိုအကျပ်အတည်းတွေကို သူဘယ်လိုရင်ဆိုင်မလဲ.. ပျက်စီးသွားတဲ့ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို သူပြန်လည် တည်ဆောက်နိုင်ပါ့မလား…. ဒီကားက ရိုးရိုးစင်းစင်း ဇာတ်ကားတစ်ကားဖြစ်ပေမယ့် သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အိုမင်းလာတဲ့အခါ ကြုံရမယ့်ဒုက္ခတွေ၊ ကိုယ့်အပြုအမှုတွေကြောင့်ခံစားရတဲ့ ပတ်ဝန်းကျင်ရဲ့လျစ်လျူရှုမှုတွေ၊ နောင်တတရားရတဲ့အချိန်မှာ လူ့အသိုင်းအဝိုင်းရဲ့ ဖေးမကယ်တင်မှုတွေကို ခံစားရမှာပဲဖြစ်ပါတယ်။ File Size : ( 996 MB) & ( 274 MB) Quality : WEB DL 720p Running Time :1hr 46 min Format : Mp4 Genre : Biography , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Encoded by May Pyae Sone Oo