
ပန်းမျိုးတစ်ရာပွဲတော်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ ပန်းဘုရင်မဟာ မသေမျိုးနတ်ဘုရားတွေရဲ့ ရှေ့မှောက်မှာ လုပ်ကြံခံရကာ အဆိပ်မိပြီး သက်တော်ကုန်ဆုံးသွားခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဒဏ္ဍာရီတွေအရ ခွန်းလွင်တောင်ထိပ်မှာ တည်ရှိတဲ့ ယွင်ယန်းသု ဘုရားကျောင်းဟာ အရာအားလုံးကိုပြန်လည်ရယူဖို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ပေါင်နှံရတယ်ဆိုပြီး သတင်းပျံ့လွင့်လို့နေခဲ့ပါတယ် ပန်းဘုရင်မ သေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေဖို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ယွင်ယန်းသု ကျောင်းတော်ဆီကို ခရီးနှင်ခဲ့ပြီး ခရီးလမ်းမှာ နတ်ဘုရားအရှင်နဲ့တွေ့ဆုံခဲ့ပါတော့တယ် ဆောင်းရာသီ ပန်းမျိုးတစ်ရာပွင့်ချိန်ရောက်ပေမဲ့လို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ပန်းမပွင့်စေချင်ခဲ့ပါဘူး အဒီအတွက် ကောင်းကင်ဘုံက အပြစ်ပေးခြင်းခံရပြီးတော့ သူနဲ့တွေ့ဆုံကြုံကြိုက်ခဲ့တဲ့ နတ်ဘုရားအရှင်ဟာ သားရဲတစ်ကောင်အဖြစ်ပြောင်းလဲခံခဲ့ပြီး ပိုင်မူတန်းကိုယ်ပေါ်က မိုးကြိုးတွေ အပူတွေကို ငြိမ်အေးသွားစေခဲ့ပါတယ် အဲဒီနောက်မှာတော့ နှစ်ယောက်သားအတူတူ အမှန်တရားကို ရှာဖွေကြရင်း ချစ်ခင်စုံမက်ပြီးသွားတဲ့နောက်မှာ ယွင်ယန်းသုပိုင်ရှင်ဟာ မိမိနဲ့ တစ်ပုံစံထဲ တူနေတဲ့မိန်းမပျိုဖြစ်တဲ့အကြောင်း ပိုင်မူတန်းသိရှိသွားတဲ့အခါမှာ - ❏ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရမလဲ ❏ အဲဒီအမျိုးသမီးဟာ ပိုင်မူတန်းချစ်ခင်ရတဲ့ အမျိုးသားနဲ့ရော ဆက်စပ်နေမလား ❏ ပန်းဘုရင်မကိုလုပ်ကြံခဲ့တဲ့ သတ်ဖြတ်သူကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလားဆိုတာ ရှုပ်ထွေးမှုများကြားကနေပြီး အဖြေရှာလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK