
အားကစားသမား တစ်ယောက် နာမည်ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် မြောက်ပိုင်းက ဒါဟမ်မြို့ ဘေ့စ်ဘောအသင်းမှာတော့ Ebby ဆိုတဲ့ ရွှေလက်ပိုင်ရှင်လေးက သူဟာ ဘယ်လောက်ထိ ဖြစ်မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ရှိနေပါတယ်။ ပြာဖုံးနေတဲ့ ပတ္တမြားလေး ကို အရောင်တင်ပေးဖို့ တချိန်တည်းမှာပဲ ဘေ့စ်ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အတွေ့အကြုံများတဲ့ ဘောလုံးရိုက်သမားCrash တစ်ယောက် ဒါဟမ် အသင်းဆီရောက်လာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်မော မြူးကြွစရာ ကြည့်ရှုရမှာပါ။ ၈၀ကျော်ခုနှစ်က ဖက်ရှင်တွေ၊ သီချင်းတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်ဘော လောကကြီးကို ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေကြေးအရလည်း အလွန်အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ဘေ့စ်ဘော ကစားသမား ဖြစ်ခဲ့တာကြောင့် ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ဝေဖန်သူတွေက အားကစားရုပ်ရှင်တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံတွေလည်း ကြားနေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်ဆောင်တာကိုလည်း တွေ့မြင်ရမှာပါ။ နောက်ဆုံးမှာ Annie တစ်ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ရော သူတို့ ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်ယောက်ရဲ့ အပြောင်မြောက်ဆုံး၊ အောင်မြင်နိုင်ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီးနောက်မှာ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97% တောင်ရထားတဲ့ ကားကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |