
IMDb 8.3/10 ဒီတစ်ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။ စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ... မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download |