
Buffalo ’66 (1998) ~ IMDb – 7.4/10, Rotten Tomatoes – 76% ~ အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲရေးသားထားပြီး သူကိုယ်တိုင်ပဲသရုပ်ဆောင်ထားတာပါ။ သူ့ကို Mainstream ပေါ် တင်ပေးခဲ့တဲ့ကားဆိုရင်လည်း မမှားပါဘူး။ မင်းသမီးဆိုရင်လည်း ကြည့်ရှုသူတွေနဲ့မစိမ်းတဲ့ ၁၉၉၁ ခုထွက် The Addams Family ထဲက မူလလက်ဟောင်း ဗုဒ္ဓဟူးမလေးပါ။ သူရဲ့ပျိုမျစ်လတ်ဆတ်တဲ့အလှရယ် ညှို့ငင်တတ်တဲ့မျက်၀န်းနက်နက်လေးတွေရယ် ဘိုးလင်းရုံမှာကတဲ့ Tap Dance အခန်းလေးတွေက ဒီဇာတ်ကားလေးကို အသက်၀င်စေတဲ့ သွေးကြောလေးတွေပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 960MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.4 / 10
Director