
Bubba Ho-tep (2002) တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။ တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။ ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။ ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် မသင်္ကာလို့ ဆက်စုံစမ်းလေ့လာကြည့်တော့ သူတို့လူအိုရုံက ရှေးဟောင်း အီဂျစ်မံမီကောင်ကြီး ကာလကြာရှည် ဝိညာဉ်စုပ်တဲ့နေရာဖြစ်နေတာ သိသွားပါတယ်။ ဒီလိုနဲ့ သူတို့ဝိညာဉ်အစုပ်မခံရရေး ကာကွယ်ဖို့ ဂျက်နဲ့ ဆီဘက်ရှန်တို့ လူအိုကြီးနှစ်ယောက် မံမီကို ရှင်းဖို့ဘယ်လိုကြံစည် လှုပ်ရှားကြလဲဆိုတာ ဆက်လက်အားပေးလိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 700MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 32Min Genre – Comedy, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download | |
| 720p | 700MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.9 / 10
Director