
ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက် လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။ Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းပုံစံ နေတာပေါ့။ ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့ Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း ဆောင်ဖြစ်နေတဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့ Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။ Selma သူ့ယောကျ်ားကိုသတ်ပြီး ထွက်ပြေးခဲ့မှန်းအဖြစ်မှန်ကို မသိသေး တာတောင် သူ့ညီမ အကူအညီလိုနေမယ်မှန်းသိလို့ နောက်ပိုင်းမှာ Maddy က Selmaကို သူ့အိမ်မှာ ခဏနေခွင့်ပေးလိုက်တယ်။ အဲအချိန်မှာပဲ Selma နောက် လိုက်နေတဲ့ ရဲဆိုးတွေ အိမ်ကိုဖောက်ပြီး လာသောင်းကျန်းတော့ Selmaရော ဘာမှမသိတဲ့ Maddyပါ အတူထွက် ပြေးခဲ့ရတယ်။ အဲလိုနဲ့ Selmaနဲ့ Maddyကို ဝရန်းထုတ်ခံရပြီး သတင်းတွေမှာ သူတို့မျက်နှာတွေအကုန် ပြန့်သွားတာပေါ့။ ဒီတော့ သူတို့ညီအစ်မ ဒုက္ခ အကြီးအကျယ် ဘယ်လိုတွေရောက်လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်ကြည့် လိုက်ပါဦးနော်...။ Selmaနဲ့ Maddyရဲ့ ဘဝအခက်အခဲတွေ၊ အဓိကကတော့ ညီအစ်မနှစ်ယောက်က အချင်းချင်းမတည့်ပေမဲ့ အကူအညီလိုတဲ့အခါမှာတော့ တစ်ယောက်ဘေးတစ်ယောက်ရှိပေးကြတဲ့ ညီအစ်မချစ်ခြင်းတွေကို ပုံပေါ် အောင် ရိုက်ကူးထားတဲ့ Crime, Thriller ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (469 MB) / (294 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......Thwal Htoo Zin Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 720p | 469 MB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 469 MB | Download |