
Blue Jean (2022) ~ IMDb – 7.3/10, Rotten Tomatoes – 95% ~ (18+ လေးဖြစ်တာမို့လို့ အသက်ပြည့်ပြီးမှ ကြည့်ကြဖို့တော့ သတိပေးပါရစေ) 2022 မှာထွက်ရှိထားပြီး Rating လည်းကောင်း၊ Awards တွေဆိုရင်လည်း ၁၂ ဆုတောင်ရရှိထားတဲ့ Independent Film တစ်ခုလည်းဖြစ်ပြီး LGBT ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Blue Jean လေးဟာ အခုလို ပွင့်လင်းမြင်သာမှုမရှိသေးတဲ့ အရင်ခေတ်ကြီးက LGBT တွေ ရင်ဆိုင်နေရတဲ့ ဘဝလေးကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ခေတ်ကိုအရင်ပြောရမယ်ဆိုရင်တော့ LGBT တွေအတွက် နေရာမရှိတဲ့ခေတ်၊ LGBT ဆိုတာနဲ့ လူဆိုးလိုလို မကောင်းဆိုးဝါးလိုကြည့်ခံရတဲ့ခေတ်၊ LGBT ဘဝကို သာမန်ဘဝလို့ မသတ်မှတ်ထားတဲ့ခေတ်၊ မာဂရက်သက်ချာအစိုးရက Gay တွေ Lesbian တွေအတွက် တန်းတူအခွင့်အရေးရဖို့ ကြိုးစားပေးနေဆဲကာလဖြစ်တဲ့ ၁၉၈၈ ခုနှစ် အင်္ဂလန်ကို အခြေခံပြီးရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဂျင်းနယူးမန်းဆိုတဲ့ ယောက်ျားလျာတစ်ယောက် ကျောင်းတစ်ကျောင်းမှာ မိမိဘဝကို ဖုံးကွယ်ရင်း ကာယဆရာမအဖြစ်လုပ်ကိုင်နေတုန်း ကျောင်းသူတစ်ယောက်ရောက်လာပြီး သူ့ဘဝကို ဖော်ထုတ်ဖို့ကြိုးစားရာကနေ သူဖြတ်သန်းရတဲ့အခက်အခဲတွေ ရင်ဆိုင်ရတဲ့အတွေ့အကြုံတွေကို ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် အဲ့ဒီခေတ်ရဲ့ LGBT တွေရဲ့ အခက်အခဲတွေ အချင်းချင်းဖေးမမှုတွေရိုက်ပြထားရုံသာမက တစ်ဘက်မှာလည်း LGBT တွေကို ဆန့်ကျင်တဲ့သူတွေ အထင်သေးတဲ့သူတွေရဲ့ စိတ်နေစိတ်ထားတွေကိုလည်း သေချာလေးရိုက်ပြထားတဲ့ကားမို့လို့ တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 700MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y