
ဒီရုပ်ရှင်ကားလေးဟာ ၂၀၂၂ ရဲ့ အက်ရှင်ကားလေးတွေထဲမှာ နေရာတစ်နေရာစာဝင်ယူထားတဲ့ကားကောင်းလေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ မိမိဘာသာ rating ပေးရရင်တော့ 6/10 ပေးရမယ့်ကားလေးဖြစ်ပြီး တော်တော်လေးကြည့်ပျော်မယ့် အက်ရှင်ကားလေးလည်းဖြစ်ပါတယ်။ တစ်ခါတလေတော့ ဘဝဆိုတာ သောက်ပြဿနာတွေတက်တဲ့အခါ တစ်ခုပြီးတစ်ခုပြုံပြီးတက်ပေမဲ့ သောက်ကောင်းတွေကျတော့ အခါတစ်ထောင်မှ တစ်ခါလာတဲ့အထိရှားပါတယ်။ ဒီလိုပါပဲ မစ်ရှင်တွေကို အောင်မြင်မယ်ထင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေရတဲ့အခါ အဲလိုအခြေအနေကြီးက ဘယ်လိုရုန်းထွက်ရမလဲပေါ့။ ကျွန်တော်အနေနဲ့အားပေးရမယ်ဆိုရင် လဲကျသွားတဲ့အခါ ပြန်မထပါနဲ့။ အိပ်နေလိုက်ပါ၊ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့။ ဒါပေမဲ့ မင်းသားကတော့ ပြန်ထတယ်။ ပြန်ကြိုးစားတယ်ဗျ။ သူ့မှာက သေအံ့ဆဲဆဲသမီးလေးကို ဆေးကုသဖို့အတွက် ရှာဖွေဖို့လိုတာကိုး။ ဒီတော့ဗျာ။ ဒီရုပ်ရှင်ကားလေးထဲမှာဆိုရင် မင်းသားနဲ့ သူသူငယ်ချင်းတစ်သိုက်က ဘဏ်တစ်ခုကို ဓားပြတိုက်ကြတယ်ပေါ့။ ဟောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း ရှယ်စီစဉ်ပြီးတော့ကို တိုက်တာပေါ့ဗျာ။ ဘတ်မန်းလိုတော့ ပလန်ဘီမရှိဘူးပေါ့။ ဒီတော့ သူတို့တွေ ဘဏ်ဓားပြတိုက်တာက အောင်မြင်သွားလား၊ ဘာကြောင့် ရှယ်စီစဉ်ပြီးတော့ကို သရဲမရဲ တိုက်ဖို့ကြိုးစားကြတာလဲ၊ မင်းသားရဲ့ရည်းစားဟောင်းနဲ့ မင်းသားတို့အခြေအနေ၊ မင်းသားရဲ့သမီးလေး လျှောမလျှော(မင်းသားသမီးဆိုပြီး မလျှောဘူးမထင်နဲ့ဗျနော်) ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ၂၀၂၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Blowback 2022 ထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်. Genre..... Action, Crime, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 570MB | 285MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... San Thu Aung Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |