
ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ပြောရမယ့်ကားမျိုးပါ။ သွေးသဲရဲရဲဇာတ်ဝင်ခန်းတွေ အတော်လေးပါသလို အပြောအဆို အတော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြုပေးပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်းပေမယ့် ကျောင်းဓါတ်ခွဲခန်းမှာ ဆေးချက်မိလို့ ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်ယောက် မူးယစ်ဆေးနဲ့ ကံမကုန်ချင်တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂ယောက်နဲ့ ကြုံခဲ့ရပါတယ်။ ဆေးချက်ရမယ့် နေရာရောက်တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့ဆေး ၈၅ပေါင်ကို တစ်ဦးတည်းမောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့ မီလ်တန်ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါပေမဲ့ အဲဒီနေ့အပြီး နောက်တစ်နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်ယောက် အသက်ရှင်နေသေးသလို သူတို့ ကြုံတွေ့နေရတာတွေက မနေ့က ဖြစ်ခဲ့တဲ့အရာတွေအတိုင်း Deja vuလိုဖြစ်နေတာမျိုး ကြုံလိုက်ရ ပါတယ်။ အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး နောက်နေ့ကူးသွားလည်း သူက ပြန်အသက်ရှင်နေသေးသလို ဖြစ်ပြီးသားကိစ္စတွေပဲ ထပ်တလဲလဲ ပြန်ဖြစ်နေလို့ မီလ်တန်နဲ့ စကိုင်လာတို့ ၂ ယောက် သူတို့ရဲ့ စိတ်ကပဲ လှည့်စားနေတာလား၊ တကယ်ပဲ အချိန်သံသရာထဲ ၂ယောက်လုံး ရောက်နေတာလား အဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ နောက်ဆုံး အဲဒီအချိန်ကျော့ကွင်းထဲ လွတ်မြောက်နည်းကို ရှာတွေ့သွားမလား၊ ဘယ်သူလွတ်မြောက်သွားမှာလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…2.07 GB / 787MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 2.07GB | Download | |
| 1080P | 2.07GB | Download | |
| 1080P | 2.07GB | Download | |
| 1080P | 2.07GB | Download | |
| 1080P | 2.07GB | Download | |
| 720P | 787MB | Download | |
| 720P | 787MB | Download | |
| 720P | 787MB | Download | |
| 720P | 787MB | Download | |
| 720P | 787MB | Download |